ကျောက်ပန်းတောင်း စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဇွန်လပထမပတ်(ကဆုန်လပြည့်ကျော် ၁၀ ရက်၊ ၁၁ ရက်)တွင် ရွာသွန်းသည့်မိုးဖြင့် စိုက်ပျိုးခဲ့ကြသည့် သုံးလပဲ ခေါ် ပင်ထောင်မြေပဲများ နုတ်သိမ်းနေကြပြီး မိုးဦးကောင်းသည့်အတွက် မြေပဲအထွက် ကောင်းကာ ဈေးကောင်းရရှိရန်သာ မျှော်လင့်နေကြရကြောင်း မြေပဲစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။
ယခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၌ တောင်သူများ မြေပဲအထွက်ကောင်းကြပြီး တစ်တင်းကျလျှင် အနည်းဆုံး မြေပဲတင်း ၃၀ မှ ၄၀ ရရှိကြကြောင်းသိရသည်။ လက်ရှိမြေပဲပေါ်ချိန်တွင် ပေါ်ဦးပေါ်ဖျားဈေးမှာ တစ်တင်းလျှင် ငွေကျပ် လေးသောင်းသာ ရောင်းချကြရကြောင်းနှင့် ကျောက်ပန်းတောင်းမြို့နယ်၌ မြေပဲကို တစ်မြို့နယ်လုံးတွင် ဧက ၅၈၂၇၁ ဧက စိုက်ပျိုးရန် လျာထားခဲ့ကာ လက်ရှိတွင် ဧက ငါးသောင်းကျော် စိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နေအောင်(ပြန်/ဆက်)


