နေပြည်တော် စက်တင်ဘာ ၁၀
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီးလိုအပ် လျက်ရှိသည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ်တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီနှင့် တာချီလိတ် ကုန်သွယ်ရေးစခန်း (၄) ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၆) ခုမှ ယာဉ်စီးရေ အစီး (၂၀) ဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၁)စီးဖြင့် (၁၉)တန်၊ အောက်ဆီဂျင် (အိုးခွံ) (၂၁၆၁) ခု၊ Oxygen Plant (၅)ခု၊Oxygen Generator (၁) ခု၊ အိမ်သုံး Oxygen Concentrator (၁၂၁၃) ခု နှင့် နှာခေါင်းစည်း (Mask) (၁၀၈) တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၁) စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant (၅) ခုမှာ ရန်ကုန်မြို့သို့ (၃)ခု ၊ တာချီလိတ်နှင့် မော်လမြိုင် မြို့တို့သို့ (၁) ခုစီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများတင်သွင်းရာတွင် လွယ်ကူမြန်ဆန် နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ် မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
(သတင်းစဉ်)


