ပန်းတနော် စက်တင်ဘာ ၁၁

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် မြစ်ကမ်းနှင့်နီးသော ရေပေါ်ကြီး ကျေးရွာအုပ်စု၊ အထက်ကဇင်းတော ကျေးရွာနှင့် တောကျောင်းကျေးရွာအုပ်စု၊ ပေါက်ချောင်းကျေးရွာတို့ရှိ အိမ် ၃၃ လုံးမှာ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက ကမ်းလွတ်ရာ ဆွေမျိုးများနေအိမ်များသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။

 

အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် အထက်ကဇင်းတောကျေးရွာတွင် သစ်အိမ် သုံးလုံး၊ ဝါးအိမ် ၂၂ လုံးနှင့် ပေါက်ချောင်းကျေးရွာတွင် ဝါးအိမ် ရှစ်လုံးတို့သည် ကမ်းလွတ်ရာ နေရာများနှင့် နီးစပ်သည့် ဆွေမျိုးများ နေအိမ်များသို့ ပြောင်းရွှေ့ခဲ့ရပြီး ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဗိုလ်၊ အတွင်းရေးမှူး ရဲမှူးကျော်ဇင်၊ အဖွဲ့ဝင် ဗိုလ်မှူးဇေယျာမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ပြောင်းရွှေ့ခဲ့ရသော မိသားစုဝင်များအား ခေါက်ဆွဲခြောက်၊ ရေသန့်၊ Mask နှင့် Hand Gel ဘူးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ ဆက်)