အောင်လံ စက်တင်ဘာ ၁၁

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ စက်တင်ဘာ ၁၁ ရက် ညနေပိုင်းက တရော် ကုန်းရပ်ကွက် ပြည်လမ်း၊ သမဝါယမပိုင် ဆိုင်ခန်းဖြစ်သည့် အငှားဆိုင် သုံးခန်းပေါ်သို့ လုံးပတ် ၁၅ ပေခန့်၊ အရှည် ပေ ၆၀ ခန့်၊ သက်တမ်းနှစ် ၈၀ ခန့်ရှိ တမာပင်သည် အောက်ခြေအမြစ်များ ဆွေးမြေ့ကာ လဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါဖြစ်ပွားမှုနေရာသို့ မြို့နယ်မီးသတ်စခန်းမှ မြို့နယ်ဦးစီးမှူး ဦးထက်ဇော်မင်း ဦးစီးသော သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၆၀ တို့သည် ဆိုင်ခန်းများပေါ်သို့ လဲကျသည့် သစ်ပင်သစ်ကိုင်းများအား ရှင်းလင်း ဆောင်ရွက်ခြင်း၊ ဈေးဆိုင်ခန်းများအတွင်းရှိ ကုန်ပစ္စည်းများအား ဘေးလွတ်ကင်းသည့် နေရာသို့ ပြောင်းရွှေ့ နေရာချထားပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပွားရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လာရောက်ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မျိုးသိန်း(ပြန်/ဆက်)