ကျိုင်းတုံ စက်တင်ဘာ ၁၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် စေတနာရှင် ပြည်သူတစ်ဦးက ကိုဗစ်-၁၉ ကာလ ပြည်သူများ ခက်ခဲမှုမရှိစေရေး လိုရင်ယူအစီအစဉ်ကို  စက်တင်ဘာ ၁၁ ရက်တွင် အမှတ်()ရပ်ကွက် ကျိုင်းတုံ-တောင်ကြီးသွား ကားလမ်းမဘေး၌ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပြုလုပ်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ အမှတ်()ရပ်ကွက်နေ အလှူရှင် ဦးလှဝင်း ပြည်နယ် စိုက်ပျိုးရေးဦစီးဌာန (ကျိုင်းတုံ) ရုံးမှ ကိုဗစ်ကာလ ပြည်သူများ ခက်ခဲမှုမရှိစေရေးအတွက် နေအိမ်ပြင်ပသို့ ဈေးဝယ်ထွက်လာသူများအား ဟင်းသီးဟင်းရွက်များ အခမဲ့ပေးလှူခဲ့ကြောင်း သိရသည်။

 

mdn

 

အလားတူ ကျိုင်းတုံမြို့  ပြည်သူများ၏ လှူဒါန်းမတည်ပေးမှုဖြင့် ပြည်သူများ ခက်ခဲမှုမရှိစေရေး လိုရင်ယူ အစီအစဉ်များကို မြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းများနှင့်အညီ  ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)