နွားထိုးကြီး စက်တင်ဘာ ၁၁

 

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးဒေသထွက် အရည်အသွေးမြင့် မြန်မာ့အင်ကြင်းကျောက်များမှာ တရုတ်ပြည် ဈေးကွက်တွင် အရောင်းအဝယ် ကောင်းနေကြောင်း နွားထိုးကြီး Tree Jade ထံမှ သိရသည်။

 

အလားတူ တရုတ်ပြည် ကြယ်ဂေါင်တွင် အင်ကြင်းကျောက်ပွဲရုံ ဖွင့်ထားသော Myat Crown အင်ကြင်းကုမ္ပဏီတွင်လည်း မြန်မာ့အင်ကြင်းကျောက်များကို တွေ့ရသည်။ ယခုအခါ မြန်မာ့အင်ကြင်း ကျောက်ကို အွန်လိုင်းမှတစ်ဆင့် ကြယ်ဂေါင်၊ ထိုင်း၊ မကာအို၊ စင်ကာပူ၊ ဟောင်ကောင်ဈေးကွက်များ အထိ အရောင်းအဝယ်ပြုလုပ်လာကြောင်း Tree Jade ကုမ္ပဏီထံမှ သိရသည်။  

 

ဌေးမြင့်မောင်

 

mdn