ဇီးကုန်း စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို စက်တင်ဘာ ၁၂ ရက်၊ နံနက် ၁၀ နာရီက မယင်းကျေးရွာအုပ်စု၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုး က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပေးခဲ့သည်။ ထို့နောက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် မယင်းကျေးရွာအုပ်စုတို့မှ နိုင်ငံသားစိစစ်ရေးကတ် (၂၄)ခုအား မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးမှ ကျေးရွာသားများထံ ပေးအပ်ခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် အဆိုပါပန်းခင်းစီမံချက်ကို မေ ၃ ရက်မှ စတင်၍ ၁၈ လအတွင်း နိုင်ငံသားစိစစ်ရေးကတ် (၂၈၃၈)ခုအား ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် (၆၃၅)ခု၊ အိမ်ထောင်စု လူဦးရေစာရင်းစောင်ရေ(၂၄၀)တို့ကို ပြုလုပ်ပေးပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
တင့်ဆွေ (ပြန်ဆက်)


