ကောလင်း စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် စက်တင်ဘာ ၁၂ ရက် နံနက် ၉နာရီက ဥတ္တရရာမကျောင်းတိုက်တွင် သံဃာတော် ၃၇ပါးနှင့် အမျိုးသား ၃ဦး၊ စံတော်သာဘိုးဘွားရိပ်သာတွင် အဘိုး၊ အဘွား ၁၃ဦးနှင့် ရိပ်သာဝန်ထမ်း ၄ဦး၊ စုစုပေါင်း ၅၇ဦး တို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု မရှိကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးသည့် နေရာသို့ ခရိုင်သာသနာရေးမှူး ဦးကျော်မင်းနိုင်၊ မြိုနယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးထိန်လင်းထွန်းနှင့်အဖွဲ့ဝင်များက သွားရောက်ကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ကောလင်းမြို့တွင် ရောဂါပျောက်ကင်းသူဦးရေ(၁၅၀)၊ သေဆုံးသူ(၁၂၁)ဦးနှင့် ကုသဆဲ (၂၁)ဦး၊ ယနေ့ ပို့တွေ့ရှိသူ (၃)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း (၂၉၅)ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီမှ သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)