နေပြည်တော် စက်တင်ဘာ ၁၂

 

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြတ်ကျော်ကာလအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ  စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် စားနပ်ရိက္ခာထုတ်လုပ်မှုတိုးတက်ရေးအတွက် ပုဂ္ဂလိကအခန်းကဏ္ဍ၏ လိုအပ်ချက်များ ကို အချိန်နှင့်တပြေးညီ  ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးလုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အားထုတ်ကြိုးပမ်းလျက်ရှိသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် တာဝန်ရှိသူ များသည် စက်တင်ဘာ (၁၁)ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီးရှိ ပုဂ္ဂလိက သားသတ်ရုံများ၊ စည်ပင်သာယာရေးကော်မတီပိုင် သားသတ်ရုံများနှင့် ပုဂ္ဂလိက ငါးလုပ်ငန်း ကုမ္ပဏီများ၏ လုပ်ငန်းခွင်များကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တိရစ္ဆာန်ကုန်သွယ်ခြင်း၊ အသားထုတ်လုပ်ခြင်း၊ ရောင်းချခြင်း စသည့် အသား ထုတ်လုပ်မှု လုပ်ငန်းစဉ်တလျှောက်မှ စားသုံးသူလက်ဝယ် ရောက်သည်အထိ ကွင်းဆက်တစ်လျှောက်တွင် သတ်မှတ်စံချိန်စံညွှန်းများ၊ စည်းကမ်းချက်များကို အသားကဏ္ဍတွင် ပါဝင်ပတ်သူ အားလုံးတို့က တိကျစွာ လိုက်နာကျင့်သုံး ရန်လိုအပ်ချက်များနှင့် စားသုံးသူဘေးကင်းလုံခြုံရေး၊ အာဟာရပြည့်ဝဖူလုံရေးဆိုင်ရာများ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)