နေပြည်တော် စက်တင်ဘာ ၁၂

           

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေ ချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်တွင် ချင်းရွှေဟော်နှင့် မြဝတီ ကုန်သွယ်ရေးစခန်း (၂)ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၆) ခု မှ ယာဉ်စီးရေ (၁၇) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowserယာဉ် (၃) စီးဖြင့် (၆၀)တန်၊ အောက်ဆီဂျင်(အိုးခွံ) (၁၂၇) ခု၊ Oxygen Plant (၄) ခု ၊ PPE (၁၆၀၀) စုံ နှင့် နှာခေါင်းစည်း (Mask) (၅၇) တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၃) စီးမှာ ရန်ကုန်မြို့သို့ (၂) စီးနှင့် မော်လမြိုင်မြို့သို့ (၁) စီးဖြစ်ပြီး Oxygen Plant (၄) ခုမှာ မန္တလေးမြို့၊ ချောက်မြို့၊ မိုးညှင်းမြို့၊ ကန်ကြီးထောင့်မြို့တို့သို့ (၁) ခုစီဖြစ်ကြောင်းသိရှိရသည်။

 

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေး ကြန့်ကြာမှုမရှိစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့် ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရသည်။

(သတင်းစဉ်)