ပုလော စက်တင်ဘာ ၁၃ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ ညနေ ၃ နာရီက ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး Talk Show တွင် ပုလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးမော်က အသက်(၁၆)နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိ သော လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ပုလောမြို့နယ် ဦးစီးမှူးရုံးတွင် ပြည်သူများ အနေဖြင့် အမြန်ဆုံးဆက်သွယ်ဆောင်ရွက်နိုင်ရေး သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်း ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ် ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်ကိုဦးက ပန်းခင်းစီမံချက်ဖြင့် ဒေသခံဖြစ်ပြီး အိမ်ထောင်စုရှိပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူ၊ ဒေသခံဖြစ်ပြီး အိမ်ထောင်စုမရှိ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူ၊ ရွှေ့ပြောင်း လုပ်သားများတွင် အိမ်ထောင်စုရှိပြီး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ၊  ရွှေ့ပြောင်းလုပ်သားများတွင် အိမ်ထောင်စုမရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ စသည့် လုပ်ငန်းစဉ်(၄)ရပ်ဖြင့် ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းများအတွက် သတိပြုလိုက်နာရမည့် အချက်များ၊ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူများ၏ ရပိုင်ခွင့်၊ လိုက်နာရမည့် တာ၀န်များနှင့် ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ် မေလမှ စတင် ဆောင်ရွက်လျက်ရှိကြောင်း၊ မေလမှ သြဂုတ်လအထိ ပုလောမြို့နယ်တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကျား ၃၃၈ ဦး၊ မ ၂၃၉ ဦး ၊ စုစုပေါင်း ၅၇၇ ဦး နှင့် အိမ်ထောင်စု  ၁၅၁ စု လူဦးရေ  ၅၃၁ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၊ ပုလောမြို့နယ်၌ ပန်းခင်း စီမံချက်ဖြင့် ၂၀၂၁ခုနှစ် မေလမှစတင်၍ (၁၈)လ အကြာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့်  ပန်းခင်းစီမံချက်၏ ဆောင်ပုဒ်နှင့်အညီ လူမှုဘ၀ပြည့်စုံဖို့  နိုင်ငံသားကတ် ကိုင်ဆောင်စို့ စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

အေးအေးမော် (ပုလော)