သံဖြူဇရပ် စက်တင်ဘာ ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် အောင်ချမ်းသာ ရပ်ကွက်တွင် စက်တင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၂ နာရီခန့်က ကိုဗစ်-၁၉ ကာလအတွင်းကြက်ခြေနီသူနာပြု တပ်ဖွဲ့မှပြည်သူ့သို့အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များကို ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှအလှူရှင် (၂) ဦး က လှူဒါန်းပေးသည့် အိမ်ထောင်စု ( ၁၅၀ )အတွက်ဆန်နှင့်မီးဖိုချောင်းသုံးပစ္စည်းများအားအိမ်တိုင်ယာ ရောက်သွားရောက်၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ တို့မှ ပူးပေါင်းပါဝင်လှူဒါန်းပေးခဲ့ကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးထံမှ သိရသည်။
(မြို့နယ်ပြန်/ဆက်)


