တံတားဦး စက်တင်ဘာ ၁၃

 

ကျောက်ဆည်ခရိုင်  တံတားဦးမြို့နယ် အပုပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲရေးတွက် စွမ်းအားမြှင့်မီးဖိုများကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ ထန်းပေါက်ကုန်းကျေးရွာအုပ်စု ကျောက်တန်းကျေးရွာတွင် ပေးအပ်ကြောင်း သိရသည်။

 

စွမ်းအားမြှင့်မီးဖိုများပေးအပ်ရာတွင် မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်ဇင်ထွန်းက ကျေးလက်ဒေသများတွင် လောင်စာထင်း အသုံးပြုမှုလျော့ချရေး ၊ သစ်တောသစ်ပင် ပြုန်းတီးမှုမှကာကွယ်ခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုများကို  ဟန့်တားပေး နိုင်ပါကြောင်း၊ ဒါ့အပြင် သစ်တောသစ်ပင် ပြုန်းတီးမှုကို လျော့ချခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များ နည်းပါးလာမည်ဖြစ်ကြောင်း မီးဘေးအန္တရာယ် ကာကွယ်စေလိုပါကြောင်းနှင့် စွမ်းအားမြှင့်မီးဖို သုံးစွဲနည်းအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားပြီး စွမ်းအားမြှင့် မီးဖိုသုံးစွဲမှု ပညာပေးလက်ကမ်းစာစောင်များနှင့် မီးဖိုများ အခမဲ့ပေးဝေကြသည် ။

 

တံတားဦးမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ကျေးရွာပေါင်း(၁၈)ရွာ သို့ တစ်ရွာလျှင် စွမ်းအားမြှင့်မီးဖို(၄၀)လုံးအတွက် စုစုပေါင်း အလုံးရေ(၇၂၀) ကို  အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်ထွန်း ထံမှသိရသည်။

 

ရဲတင့်(တံတားဦး)