ကျိုက်လတ် စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေ ဦးဆောင်သော ဝန်ထမ်းများမှ မြိုနယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့က ဗလီခြံရေကျော်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရခြင်းနှင့်ပတ်သက်၍ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေက ပန်းခင်းစီမံချက်၏ ရည်ရွယ်ချက်နှင့် အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် ပါရှိရမည့် အထောက်အထားများ၊ မပျောက်ပျက်အောင် ကိုင်တွယ်ထိန်းသိမ်းရမည့် နည်းစနစ်များ၊ ကိုဗစ်ကာကွယ်ရေး ဆိုင်ရာစည်းကမ်းချက်များကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူများ လွယ်ကူလျင်မြန်စွာဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိနိုင်ရေး ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျိုက်လတ်မြို့နယ် ဗလီခြံရေကျော် ကျေးရွာအုပ်စုမှ နိုင်၃(က) ကျား(၁၆)ဦး၊ မ(၁၃)ဦး၊ ပေါင်း(၂၉)ဦး နိုင်၆(က)၊ ကျား(၄၃)ဦး၊ မ(၂၉)ဦး၊ ပေါင်း(၇၂)ဦး၊ လဲလှယ်ကျား(၂၄)ဦး၊ မ(၃၄)ဦးပေါင်း(၅၈)ဦး၊ မိတ္တူ ကျား(၄၀) ၊ မ(၃၆)ဦး၊ ပေါင်း(၇၆)ဦး စုစုပေါင်းကျား(၁၂၃)ဦး၊မ(၁၁၂)ဦးပေါင်း(၂၃၅)ဦးတို့အား ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
ကျိုက်လတ်(ပြန်/ဆက်)


