နေပြည်တော် စက်တင်ဘာ ၁၃
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ် ၂၈၁၆ ဒဿမ ၆၁သန်းဖြင့် မြေလမ်း ၁၃ မိုင်၊ ကျောက်လမ်း ၁၂ မိုင် ၆ ဖာလုံ၊ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း ၅ မိုင်၊ ကတ္တရာခင်းခြင်း ၁ မိုင် နှင့် ကျောက်စီရေမြောင်း ပေ ၄၀၀ တို့အား အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီပြီဖြစ်ကြောင်း နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရှိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုကြောင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း လမ်းပန်းဆက်သွယ်မှု ပိုမို ကောင်းမွန်လာပြီး လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများ ရရှိခံစားနိုင်ကြပြီဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


