ညောင်တုန်း  စက်တင်ဘာ ၁၃

 

ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၃ရက် နံနက် ၉နာရီခန့်က ရွှေဟင်္သာတောရစာသင်တိုက်၌ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းတိုက်အတွင်း သီတင်းသုံးတော်မူလျက်ရှိသည့် သံဃာတော်အပါး  (၃၀) အား ဓါတ်ခွဲနမူနာရယူ၍ RDT (Test Kit) ဖြင့် စစ်ဆေးပေးခဲ့ပြီး တိုက်အုပ်ဆရာတော်ကြီးနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်သာသနာရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ သံဃာတော်များအား ဆက်လက်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်ဆက်)