သံဖြူဇရပ်     စက်တင်ဘာ   ၁၄

 

မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ပိုးတွေ့လူနာများတွေ့ရှိခဲ့သည့် ရပ်ကွက်များမှ နေအိမ်များအား ပိုးသတ်ဆေး ဖျန်းပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကြက်ခြေနီတပ်ဖွဲ့ဝင်များက  သွားရောက်ဆောင်ရွက်ခဲ့သည်။

           

အဆိုပါ တတိယလှိုင်းအဖြစ် ဇွန်လ ၃၀ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ပြီး ယနေ့အချိန်အထိ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူ အတည်ပြုလူနာပေါင်း ( ၁၅၆၂ ) ဦး စစ်ဆေးတွေ့ရှိပြီး ၊ သေဆုံးလူနာ ( ၁၁၂ ) ဦး နှင့် စောင်ကြည့်ကုသဆဲ ( ၁၂၈ ) ဦး ကျန်ရှိကြောင်း မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူးထံမှ သိရသည်။

             

( မြို့နယ်ပြန်/ဆက် )