မင်းဘူး စက်တင်ဘာ ၁၄

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မင်းဘူး(စကု) မြို့နယ် အတွင်းရှိ လေဘေးသင့် အိမ်ထောင်စုများနှင့် ကမ်းပျိုဘေးသင့် အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက အဆိုပါ ဦးစီးဌာနရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မင်းဘူး(စကု)မြို့နယ်၌ စက်တင်ဘာ ၉ ရက်၊ ၁၀ ရက်နှင့် ၁၂ ရက်များတွင် မြို့နယ်အတွင်းရှိ ကျေးရွာ (၆)ရွာမှ လေဘေးသင့်အိမ်ထောင်စု (၁၉)စုနှင့် ကမ်းပြိုဘေးသင့် အိမ်ထောင်စု တစ်စု သဘာဝဘေးဒဏ်သင့်ခဲ့ပြီး လူတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။

 

အဆိုပါ လေဘေးသင့်အိမ်ထောင်စု (၁၉)စုမှ လူဦးရေး(၇၅)ဦးနှင့် ကမ်းပြိုဘေးသင့် အိမ်ထောင်စုတစ်စုမှ လူဦးရေ (၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၉၆၀,၀၀၀ နှင့် ဆန်ရိက္ခာဖိုး အပါအဝင် ဒဏ်ရာရရှိသူ တစ်ဦးအတွက် ထောက်ပံ့ငွေကျပ် ၂၁၈,၀၀၀၊ စုစုပေါင်း ထောက်ပံ့ပေးငွေကျပ် ၁,၁၇၈,၀၀၀ တိတိကို သက်ဆိုင်ရာရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

 

မောင်မောင်(မင်းဘူး)