ရန်ကုန် စက်တင်ဘာ ၁၄

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း သာယာလှပ သန့်ရှင်းရေးအတွက် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ အမှိုက်များ ချုံများရှင်းလင်းခြင်း၊ ရေမြောင်းများ၊ ရေစီးရေလာ ကောင်မွန်စေရေး၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ မြေအောက်လိုင်းများ ဆောင်ရွက်ရန် မြေပြင်အခြေအနေများ ရွေးချယ်ခြင်း၊ စည်ပင်ရေပိုက်များ မြေအောက်မြောင်းများနှင့် လွတ်ကင်းစေရေး ပြင်ဆင်ခြင်း လုပ်ငန်းများ၊ ရေမြောင်းများ ဖောက်လုပ်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးအပြစ်များကို ချိန်ဆ၍ မြေပြင်ဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်စည်ပင်ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ဆောင်ရွက်ရာသို့ ရန်ကုန်အနောက်ပိုင်းခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအောင်မြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် မြို့နယ်စည်ပင်သန့်ရှင်းရေး လမ်းတံတား ရေစီးရေလာနှင့် ပန်းဥယျာဉ်အဖွဲ့တို့ ပူးပေါင်း၍ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်း(၂)ရပ်ကွက်၊ ဓမ္မစေတီလမ်းတစ်လျောက်တို့တွင် (ဝဲ၊ယာ)များရှိ လမ်းသားပေါ်သို့  ကျနေသော သစ်ကိုင်းများ မြက်ချုံများ ရှင်းလင်းခြင်း ရေမြောင်းများ၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် ရှင်းလင်းခြင်းများ ဆောင်ရွက်ပြီး၊ အမှိုက်သိမ်းယာဉ်များဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

အောင်မြင့်(ပြန်/ဆက်)