နောင်တရား   စက်တင်ဘာ ၁၄

         

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုနယ်၊ နောင်တရားမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ သရဖီလမ်းကို မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်မှု ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်သည်။

         

အဆိုပါလမ်းပိုင်းကို ပြည်နယ်စည်ပင်သာယာရေးရန်ပုံငွေမှ ခွင့်ပြုပေးခြင်းဖြစ်ပြီး နောင်တရားမြို့အမှတ်(၁)ရပ်ကွက် အတွင်းရှိ သရဖီလမ်းကို မြေသားလမ်းမှ ကတ္တရာလမ်း အဖြစ် လမ်းအရှည်ပေ ၆၆၀၊ အကျယ် ၁၀ ပေကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။ ကတ္တာရာလမ်း အဆင့်မြှင့်တင်နိုင်ခြင်းကြောင့် မြိုတွင်းသာယာလှပခြင်းနှင့် မြို့တွင်းနေပြည်သူများ သွားလာရေး ကောင်းမွန်လာမည်ဖြစ်သည်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နောင်တရားမြို့ပေါ် သုံးရပ်ကွက်အတွင်း၌ မြေသားလမ်းမှ ကတ္တရာလမ်း တစ်လမ်း၊ ကျောက်လမ်း နှစ်လမ်း၊ ကွန်ကရစ်လမ်း တစ်လမ်း၊ မြေသားလမ်း သုံးလမ်း စုစုပေါင်း လမ်းပေ (၂၉၀၀)  ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

ခွန်အောင်(နောင်တရား)