သာယာဝတီ    စက်တင်ဘာ   ၁၄

       

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက် ကုသနေသော ကိုဗစ်-၁၉ လူနာများနှင့် မြို့နယ်အတွင်း အောက်ဆီဂျင်အသုံးပြုနေရသူများ၊ အောက်ဆီဂျင်လိုအပ်မှုများအား အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ရရှိအသုံးပြုနိုင်ရန်အတွက် သာယာဝတီခရိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု၊ စေတနာအလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် အောက်စီဂျင်ထုတ်စက်သည် စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် သာယာဝတီမြို့ သတ္တဌာနမြို့ဦး ကျောင်းတိုက်၌ တည်ဆောက်ထားသော အောက်ဆီဂျင်စက်ရုံသို့ ရောက်ရှိပြီး တပ်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

         

အဆိုပါ Oxygen Plant အား စက်တင်ဘာလ ၁၉ ရက်နေ့တွင် စတင်လည်ပတ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး Oxygen များ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်သည်။ ယင်းစက်သည် တရုတ်နိုင်ငံထုတ် အမျိုးအစားဖြစ်ပြီး တစ်နာရီလျှင် ၄၀ လီတာဆံ့အိုး ၄ လုံး ထုတ်လုပ်နိုင်ကြောင်းသိရပြီး ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်များက စနစ်တကျတပ်ဆင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သန့်ဇော်