မုဒုံ  စက်တင်ဘာ  ၁၄

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၈၉၅)ဦး ရှိလာကြောင်း မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မုဒုံမြို့နယ်အတွင်း၌ ၂၀၂၁ ခုနှစ် ဇွန်လ၂၉ ရက်နေ့မှစ၍ ကိုဗစ်-၁၉ တတိယအလှိုင်း ရောဂါပိုး စတင်ကူးစက်ခံရခဲ့ပြီး စက်တင်ဘာ ၁၃ ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၁၀၅၆ ဦးရှိရာ အတည်ပြုလူနာများအနက်   ကျန်းမာရေး ပြန်လည်ကောင်းမွန်ပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ(၈၉၅)ဦးရှိကြောင်း၊ မြို့နယ်ပြည်သူ့ ဆေးရုံ၊ ဘဲရမ်းကျေးရွာ မိုးကုတ်ဝိပဿနာကျောင်းတိုက်၊ ကမာဝက်မြို့ တိုက်နယ်ဆေးရုံနှင့် ကျိုက်သီခန်းမတို့တွင် ဆေးဝါးကုသခံယူနေသူ စုစုပေါင်း(၈၁)ဦးရှိကြောင်းနှင့် သေဆုံသူ (၈၀)  ပြီးရှိကြောင်း မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  တာဝန်ရှိ သူတစ်ဦးကပြောသည်။

မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းကျဆင်းရေးအတွက် အသိပညာပေး လုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး နေအိမ်ပြင်ပသို့ သွားလာပါက ပါးစပ်နှာခေါင်းစည်း (mask) စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန်နှင့် မိမိပတ်ဝန်းကျင်တွင် ဖျားနာသူများရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများတွင် အမြန်ဆုံး သွားရောက်ပြသ၍ ဆေးဝါးကုသမှုများ ခံယူကြရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တိုက်တွန်း နှိုးဆော်ထားကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)