ပေါင် စက်တင်ဘာ ၁၄

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူများအား ကာကွယ်ဆေးပထမအကြိမ်ကို စက်တင်ဘာလ ၁၄ ရက်နံနက် ၉ နာရီက ဆေးထိုးစုရပ် (၁၀) နေရာ ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ဆေးထိုးစုရပ် (၁၀)နေရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးရသေးသည့် ဆရာတော် သံဃာတော်များ၊ အသက် (၆၅)နှစ်နှင့် အထက် အဘိုး/အဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပြည်သူများအား ဆေးထိုးစုရပ်တစ်နေရာလျှင် နေ့စဉ် (၃၅၀)ဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ပြီး စက်တင်ဘာလ ၁၄ ရက်မှစ၍ စက်တင်ဘာလ ၂၆ ရက်အထိ ဆေးထိုးစုရပ် (၁၀)နေရာ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထိုးနှံပေးပြီး ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူတို့က ကြီးကြပ်၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)