နတ်တလင်း စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီရုံး၌ ယမန်နေ့က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပေးအပ်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာမြို့နယ် ဦးစီးမှူး ဦးအောင်သူက ပန်းခင်းစီမံချက်နှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေး အမှာစကားပြောကြားပြီး ကြို့ပင်သာအုပ်စုရှိ ကျေးရွာများမှ အိမ်ထောင်စုဝင်များအတွက်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ နတ်တလင်းမြို့နယ် ဦးစီးမှူးရုံးက ဆောင်ရွက်ပေးခဲ့ရာ အသက်(၁၈)ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၈)ခုနှင့် ပျောက်ပျက်မိတ္တူ(၂၅)ခုကိုတာဝန်ရှိသူများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ ပေးအပ်ခဲ့သည်။
နတ်တလင်းမြို့နယ်ရှိ မြို့ပေါ် (၄)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၈၄) အုပ်စုတို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးအပ်ခြင်းကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)


