ပခုက္ကူ စက်တင်ဘာ ၁၄

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပခုက္ကူမြို့နယ်ဦးစီးမှူးရုံးက “ပန်းခင်း”စီမံချက်ဖြင့် စက်တင်ဘာ ၁၃ ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ထောင်ကျော်နှင့် အိမ်ထောင်စုလူဦးရေစာရင်း တစ်ရာကျော် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

 

“ပန်းခင်း”စီမံချက်ဖြင့် ပခုက္ကူမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဒေသခံပြည်သူများ၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ပြုလုပ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ၂၀၂၁ခုနှစ် မေလ ၃ ရက်နေ့မှ စတင်ကာ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြပြီး စက်တင်ဘာလ ၁၃ ရက်နေ့အထိ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြား အမျိုသားနိုင်ငံသားစိစစ်ရေးကတ်ပြား ၈၉ ကတ်၊ အမျိုသမီး နိုင်ငံသားစိစစ်ရေးကတ်ပြား ၆၀၊ အသက် ၁၈ နှစ်အထက် အမျိုးသားနိုင်ငံသားစိစစ်ရေးကတ်ပြား ၈၃ ကတ်၊ အမျိုသမီး နိုင်ငံသား စိစစ်ရေးကတ်ပြား ၁၀၄ ကတ်၊ အမျိုးသားနိုင်ငံသားစိစစ်ရေးကတ်ပြား(လဲလှယ်)  ၁၃၄ ကတ်၊ အမျိုသမီးနိုင်ငံသား စိစစ်ရေးကတ်ပြား(လဲလှယ်) ၁၈၅ကတ်၊ ပျောက်ဆုံး၊ ပျက်စီးသည့် အမျိုးသား နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)  ၂၁၈ ကတ်၊ အမျိုသမီးနိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ) ၁၇၀၊ တရားဝင်အိမ်ထောင်စု လူဦးရေစာရင်း (၁၂၀)၊ M တံဆိပ်ပါ တရားဝင်ရွှေ့ပြောင်းနေထိုင်ခွင့်ရ အိမ်ထောင်စုလူဦးရေစာရင်း (၁၅) ခု၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၀၄၇ ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ၁၃၅ ခုတို့ကို စိစစ်ဆောင်ရွက်ပြီးစီးသောကြောင့် သက်ဆိုင်ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ပြီးဖြစ်ကြောင်း၊  ကျန်ရှိနေသေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ အပြီးသတ် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပခုက္ကူမြို့နယ်တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်ထားသူ ၂၈၇၇၉၂ ဦးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပခုက္ကူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်မှူး ဦးအောင်မျိုးထွန်းက ပြောသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်အမျိုးမျိုးထုတ်ပေးရေး “ပန်းခင်း”စီမံချက်လုပ်ငန်းမှာ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများ၊ မည်သည့်ကတ်အမျိုးအစားမျှ ကိုင်ဆောင်ထားခြင်းမရှိသူများ၊ အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ရန် ကျန်ရှိသူများ၊ ၂၀၂၁ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့အတွင်း တိုးလာမည့် အသက်(၁၈)နှစ်နှင့်အထက် ရှိသူများကို အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်ခွင့်ရရှိနိုင်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)