ကျောက်ကြီး၊ စက်တင်ဘာ ၁၄

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ စက်တင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနမှ ဦးဆောင်ပြီး စစ်တောင်းမြစ် ရေကာတာဆောင်ရွက်မှုတွင် ဆုံးရှုံးနစ်နာခဲ့သည့် တောင်သူများအား လယ်ယာမြေနစ်နာကြေး ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

ထောက်ပံ့ပေးအပ်ရာတွင် ကျောက်ကြီးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်မျိုး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြချိုနှင့် သက်ဆိုင်ရာတာဝန်ရှိသူ ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်ပြီး အုန်းရှစ်ကုန်းကွင်းအတွင်းရှိ လယ်ယာမြေ ဆုံးရှုံးနစ်နာခဲ့သည့် တောင်သူများအား  လယ်ယာမြေ ဆုံးရှုံးမှုအလိုက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာအုပ်စုတွင် စစ်တောင်းမြစ်ရေဝင်ရောက်၍ လယ်ယာ ပျက်စီးမှု နည်းပါးသက်သာစေရန်နှင့် ရေကြီးနစ်မြုပ်မှု မဖြစ်ပေါ်စေရေးအတွက် စစ်တောင်းမြစ်ရေ ကြာပန်းတာ အပါအဝင် လုပ်ငန်းဆောင်ရွက်ရာတွင် နစ်နာဆုံးရှုံးခဲ့သည့် လယ်ယာမြေများအား (၁)ဧက လျှင် ကျပ်(၃၅)သိန်း နှုန်းဖြင့် လယ်ယာမြေ (၃.၃၃)ဧက နစ်နာဆုံးရှုံးမှုအတွက် ငွေကျပ်သိန်း (၁၁၆၅၅၀၀၀)အား ဆည်မြောင်းနှင့် ရေအသုံးချမှု ဦးစီးဌာနမှ အုန်းရှစ်ကုန်းကွင်းအတွင်းရှိ တောင်သူ(၈)ဦးအား ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ဆည်မြောင်းနှင် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြချို ထံမှ သိရသည်။

 

မြို့နယ်ပြန်/ဆက်