လက်ပံတန်း စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေး  ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး အခမဲ့စစ်ဆေး ပေးလျက်ရှိသည်။ 

ယနေ့နံနက် ၈ နာရီမှစတင်၍ ဘီးလင်းတန်းရပ်ကွက်ပေါက်ကုန်း ဆင်ဖြူရှင်ကျောင်းရှိ သံဃာတော်များ၊ ဓမ္မစန္ဒာလမ်းမှပြည်သူများ၊စိန်တီဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများနှင့် ရိပ်သာဝန်ထမ်းများ၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ရတနာဘဏ်သို့ လာရောက်သည့် တောင်သူများနှင့် ငွေထုတ်သူတို့အား RDT Test Kit ဖြင့်   ကွင်းဆင်း စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် (၂၃၃)ဦး စစ်ဆေးပေးခဲ့ပြီး (၁၀)ဦးတွင် ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ  ပိုးတွေ့လူနာများအား ဆေးရုံသို့ပို့ဆောင် ကုသပေးခြင်းနှင့် ထိတွေ့သူများအား ကွာရန်တင်းစင်တာများသို့ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး စစ်ပေးနေရာများတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။

လက်ပံတန်းမြို့ နယ်တွင် ယမန်နေ့အထိ ပိုးတွေ့ရှိသူပေါင်း ၃၈၀၆ဦး၊ ဆေးရုံဆင်း ခွင့်ရသူပေါင်း ၃၄၅၅ ဦးသေဆုံးသူပေါင်း-၉၇ဦးရှိပြီး ဆေးကုသမှုခံယူဆဲ ၂၅၄ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှသိရသည်။

မြို့နယ် (ပြန်/ဆက်)