ပွင့်ဖြူ       စက်တင်ဘာ       ၁၄

           

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများကို စက်တင်ဘာ ၁၄ ရက် ၊ ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒေသခံပြည်သူ ၉၂ ဦး လာရောက်ထိုးနှံခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

           

အဆိုပါ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေခြေင်းကို ဩဂုတ် (၂၉)ရက်နေ့မှ စတင်ကာ ယနေ့အထိ ထိုးနှံပေးလျက်ရှိပြီး ပြည်သူများ ကာကွယ်ဆေးထိုးနှံရာတွင် အခက်အခဲမရှိ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊ Volunteer အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး စနစ်တကျ ထိုးနှံဆောင်ရွက်ပေးနေကြောင်း သိရသည်။

           

ပွင့်ဖြူမြို့နယ်တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးရမည့်ဦးရေ ၆၀၉၂ ဦးရှိပြီး ယနေ့နံနက်ပိုင်းက ဒေသခံ ပြည်သူ ၉၂ ဦး လာရောက်ထိုးနှံခဲ့သဖြင့် ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူဦးရေ ၅၅၃၈ ဦး ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင် ထံက သိရသည်။  

 

ရဲဝင်းနိုင် ( ညောင်ဦး )