မုဒုံ   စက်တင်ဘာ   ၁၅

 

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ မြို့မ(၁)နှင့်မြို့မ(၂) ရပ်ကွက် အတွင်းရှိ ပြည်သူများ အိမ်ထောင်စုလူဦးရေစာရင်း စိစစ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန    မုဒုံမြို့နယ် ဦးစီးမှူးရုံး တွင် ပြုလုပ်ပေးသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက် မြို့မ (၁)နှင့်မြို့မ (၂)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုဝင် လူဦးရေ စုစုပေါင်း ၃၉ဦးအား အိမ်ထောင်စု လူဦးရေစိစစ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ    ပြုလုပ်ပေး ခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး/ပျက်စီးသူများကို    မိတ္တူ ပြုလုပ်ပေးခြင်း၊ ကျန်ရှိမှုမရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ပြုလုပ်ပေး လျက်ရှိသည်။

 

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မုဒုံမြို့နယ်အတွင်းရှိ လူဦးရေ အသက် ၁၈ နှစ်အောက် ၂၂၃ ဦး၊ အသက် ၁၈ နှစ်အထက်ဦးရေ ၁၈၃၀ စုစုပေါင်း ၂၀၅၃ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးပြီး မြို့နယ် အတွင်း ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာအုပ်စုများတို့တွင်လည်း ဆက်လက်ပြုလုပ် ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)