နောင်တရား   စက်တင်ဘာ  ၁၅

           

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အတွင်းသို့ ဖြတ်သန်းစီးဆင်းနေသည့် နောင်တရားချောင်းအတွင်းသို့ ငါးမျိုးစိတ်များ မပျောက်ကွယ်စေရေးအတွက် ဒေသခံများက ငါးသားပေါက်များ လွှတ်ပေးခဲ့သည်။

           

ကန်တန်ကျေးရွာမှ စတင်စီးဆင်းလာပြီး နောင်တရားမြို့သို့ ဖြတ်သန်းစီးဆင်းလာသည့် နောင်တရားချောင်းအတွင်းတွင် ငါးမျိုးစိတ်များ မပျောက်ကွယ်စေရေးအတွက် ဒေသခံ အလှူရှင်များ စုပေါင်း၍ ညောင်ရွှေမြို့မှ ငါးမွေးမြူရေးစခန်းမှ ငါးသားပေါက် (၈၀၀၀) ကျော် ဝယ်ယူပြီး နောင်တရားချောင်းအတွင်းသို့ လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါချောင်းသည် နွေရာသီတွင် ရေသွင်းစိုက်ပျိုးရေးလုပ်ငန်း ပိုမိုဆောင်ရွက်ခြင်းကြောင့် ချောင်းရေခန်းခြောက်မှု ကြုံတွေ့လျက်ရှိသည်။

 

ခွန်အောင်(နောင်တရား)