မုဒုံ စက်တင်ဘာ ၁၅
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံအိမ်ထောင်စုများအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စက်တင်ဘာ ၁၅ရက်က မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက် ဂေါက်ကွင်းအနောက်ရှိ အခြေခံအိမ်ထောင်စုဝင်များထံ ဆန်အိတ်များကို မေတ္တာစံအိမ်(Day Care Family)အသင်းမှ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့သည်။
ရန်ကုန်မြို့နေ ကိုအောင်အောင်ကျော် မိသားစုမှ မုဒုံမြို့နယ် မေတ္တာစံအိမ်(Day Care Family)အသင်းထံ လှူဒါန်းထားသည့် ဆန်များကို သက်ဆိုင်ရာတာဝန်ရှိသူများတို့က အခြေခံလူတန်းစား အိမ်ထောင်စု ၄၅ စုအား အိမ်ထောင်စုတစ်စုလျှင် ဆန်လေးပြည် အိတ် တစ်အိတ်နှုန်းဖြင့် စုစုပေါင်းဆန်အိတ် ၄၅ အိတ်ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


