မိုင်းဆတ် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေ ပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် သောက်သုံးရေရရှိမှု အဆင်ပြေစေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် (၁၂၆ဒသမ၂၆၅)သန်းနှင့် ယူနီဆက်ခွင့်ပြရန်ပုံငွေ ကျပ်(၂၄ ဒသမ ၇၅)သန်းဖြင့် ကျေးရွာ(၆)ရွာတွင် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ(၆)ရွာ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းများအား လာဘ်ငွေမိုးဟိန်းကုမ္ပဏီမှ ဆောင်ရွက်သည့် ယူနီဆက်ခွင့်ပြုရန်ပုံငွေကျပ်(၂၄ ဒသမ ၇၅) သန်းဖြင့် (၄/၀)မိုင် ပါနန်-၂ကျေးရွာ စိမ့်စမ်းရေ သွယ်တန်းခြင်းနှင့် TA Capital ကုမ္ပဏီမှ ဆောင်ရွက်သည့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၂၄ ဒသမ ၈၅)သန်းဖြင့်(၂/၄)မိုင် မယ်မိုကျေးရွာ စိမ့်စမ်းရေသွယ်တန်းခြင်း၊ ကောင်းမွန်ဆွေကုမ္ပဏီမှ ဆောင်ရွက်သည့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၁၅)သန်းဖြင့် (၂/၃)မိုင် နားဖကျေးရွာစိမ့်စမ်းရေသွယ်တန်းခြင်း၊ ဌာနကော်မတီမှ ဆောင်ရွက်သည့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၅ ဒသမ ၇၁၅)သန်းဖြင့်(၀/၃)မိုင် နားလီ ကျေးရွာစိမ့်စမ်းရေသွယ်တန်းခြင်း၊ ရွှေရှမ်းဟန်ကုမ္ပဏီမှ ဆောင်ရွက်သည့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၃၇ ဒသမ ၇၂)သန်းဖြင့် (၄/၂)မိုင် နောင်ဘိုကျေးရွာစိမ့်စမ်းရေသွယ်တန်းခြင်း၊ ကောင်းသူခေတ်ကုမ္ပဏီနှင့် ပိန်းခမ်းရွှေပန်းပွင့်ကုမ္ပဏီမှ ဆောင်ရွက်သည့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၄၂ ဒသမ ၉၈၁)သန်းဖြင့် (၅/၀)မိုင်ပိန်းခမ်းကျေးရွာ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြင့်မောင်(မိုင်းဆတ်)


