ပုဂံ စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ် မြေရှိ ဓမ္မရာဇကဘုရားကြီး၏ မြောက်ဘက်ခြမ်းရှိ အပြင်မဟာရံတံတိုင်းသည် စက်တင် ဘာ ၁၆ရက်၊ နံနက် ၇နာရီအချိန်ခန့်က တံတိုင်းလန်ကျပျက်စီးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ (ပုဂံဌာနခွဲ)မှ သိရသည်။
အဆိုပါ ဓမ္မရာဇကဘုရားကြီး မြောက်ဘက်ခြမ်း မဟာရံတံတိုင်း လန်ကျပျက်စီးခဲ့ရာတွင် အလျား ၂၂ပေ၊ အမြင့် ၈ပေ ထု ၂ ပေခန့်လန်းကျပျက်စီးခဲ့ကြောင်းသိရပြီး သိလျှင်သိခြင်း ညောင်ဦးခရိုင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) မှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုတိုင်းတာပြီး ရှေးမူမပျက် ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


