မြို့သစ်   စက်တင်ဘာ   ၁၆

 

မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်အတွင်းရှိ တောင်သူများစိုက်ပျိုးရေးတွင် အသုံးပြုနေရသည့်  ဆဒ္ဒန်ရေလှောင်တမံသည် ယနေ့နံနက်ပိုင်းတွင်  ရေပြည့်အမှတ်ထက် သုညဒသမခြောက်ပေခန့် ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။

           

အဆိုပါ ဆဒ္ဒန်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ပေ (၅၆၀ ဒသမ ၅၀) ဖြစ်ပြီး ဆည်၏ အထက်ပိုင်း၌ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင်(၅၆၁ ဒသမ ၁၀)ပေဖြစ်ကာ ရေပြည့်အမှတ်ထက် ( သုညဒသမခြောက်ပေခန့်) ရေကျော်ကျလျက်ရှိပြီး ဆည်၏ ရေထုတ်ပြွန် ၊ရေ ပိုလွှဲနှင့်ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်၍  ဆည်အောက်ပိုင်းရှိ  ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆည်အနီးအနားနှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင်  အရေးပေါ်အခြေအနေအဆင့်(၁)အဖြစ် အစိမ်းရောင်အလံ စိုက်ထူအသိပေးထားကြောင်း မြို့ နယ်ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ  ဦးအောင်ဇော်ထက်ထံက သိ ရသည်။

                                                                                                    

ဝင်းအိဇွန် ( ပြန်/ဆက်)