အောင်လံ စက်တင်ဘာ ၁၆

           

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက အောင်မြေကုန်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်  ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်မှုတွင် ရှေ့ပြေးလျှောက်လွှာဖြည့်သွင်းခြင်း၊ နိုင်(၂)ဖြည့်သွင်းခြင်း၊ လက်ဗွေနှိပ်ခြင်း၊ အမှုတွဲတည်ဆောက်ခြင်း၊ သွေးအမျိုးအစားစစ်ဆေးခြင်း၊ ဓါတ်ပုံရိုက်ကူးခြင်းလုပ်ငန်းများ  ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် အောင်မြေကုန်း ကျေးရွာအုပ်စုအတွင်းရှိ  အသက်(၁၀)နှစ်ပြည့်ပြီးသူ (၁၈)ဦးနှင့် အသက် (၁၈)ပြည့်ပြီးသူ(၁၁)ဦး၊ စုစုပေါင်း(၂၉)ဦး တို့အားပြုလုပ် ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

မျိုးသိန်း(ပြန်/ဆက်)