အင်းတော်  စက်တင်ဘာ ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်တွင် ၂ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ကားများရပ်တန့်၍ စောင့်ဆိုင်းနေကြရကြောင်း သိရသည်။

 

စက်တင်ဘာ ၁၅ရက် နံနက်ပိုင်းမှစ၍ ယနေ့နံနက်ပိုင်းထိ မိုးအဆက်မပြတ် ရွာသွန်းနေသဖြင့် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမပေါ်ရှိ နန့်သဲကျေးရွာအနီး နန့်သဲချောင်းမှာ ရေကြီးရေလျံမှု များဖြစ်ပေါ်နေ သဖြင့် ကားကြီးကားငယ်များ ရပ်တန့်၍ ရေအကျကို ဖြတ်သန်းမောင်းနှင်ရန် စောင့်ဆိုင်းနေကြရခြင်း ဖြစ်ကြောင်းသိရသည်။

 

"ကျွန်တော်တို့ ဒီနေရာကိုရောက်တာ တစ်နာရီကျော်ရှိပြီ ရေကမကျသေးဘူး။ ရေစီးသန်ပြီးတော့ ရေက တစ်အားကြီးနေတာ၊ ဘယ်လိုမှကားဖြတ်ကူးလို့မရဘူး၊ ရေအကျကို စောင့်ပြီးကူးရမှာပဲ။ ဘယ်အချိန်ရေကျမလဲ မသိဘူး မိုးကတော့ဆက်ရွာနေတုန်းပဲ"ဟု ကားသမားတစ်ဦးက ပြောသည်။  

 

အဆိုပါ ချောင်းရေကြီးရေလျံမူ ဖြစ်ပေါ်နေသော်လည်း လူ၊ တိရိစ္ဆန်များနှင့် ပစ္စည်းများ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးဆုံးရူံးမှုမရှိကြောင်း သိရသည်။

 

လှိုင်ဘွား(ဗန်းမောက်)