ကြို့ပင်ကောက် စက်တင်ဘာ ၁၆

မွေးမြူရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန် ကျွဲ၊ နွားများအား ခွာနာ လျှာနာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မွေမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးအား မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါက်တာ ညိမ်းအေးသူနှင့် ဝန်ထမ်းများက ကံကလေးကျေးရွာ၊ ကြို့ပင်စခန်းအရှေ့စုကျေးရွာ၊ ငှက်ကြီးသိုက်ကျေးရွာ၊ ကျွန်းနက်ကုန်းကျေးရွာနှင့် တောင်ပို့ပြောင်ကျေးရွာတို့တွင်းရှိသော ကျွဲ၊ နွား ၁၆၅ ကောင်အား အခမဲ့ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

နိုင်ငံတော်ထောက်ပံ့ငွေဖြင့် ယခုထိုးနှံပြီးသော ကျွဲ၊ နွားများကို (၁၄)ရက်အကြာတွင် ဒုတိယအကြိမ် ကာကွယ်ဆေး အခမဲ့ ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)