မော်လမြိုင်ကျွန်း စက်တင်ဘာ ၁၆

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ယနေ့နံနက် ၉နာရီက စတင်၍ မြို့ပေါ်( ၄) ရပ်ကွက်အတွင်းရှိ အသက်(၅၅)နှစ်မှအသက်(၆၄)နှစ်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ ပထအကြိမ် ဆက်လက်ထိုးနှံပေးလျက်ကြောင်း သိရှိရသည်။ 
 
အဆိုပါ ကာကွယ်ဆေး ထိုးခြင်းကို ယနေ့မှစတင် ထိုးနှံပေးလျက်ရှိပြီး အမှတ်(၁၊၂၊၃၊၄၊၅၊၆၊၇) ရပ်ကွက်အထိ လည်းကောင်း၊ ကျေးရွာအုပ်စုများ ဖြစ်သည့် တယ်ချောင်း၊ စောကဲချောင်း၊ မဲဇလီပုသိမ်စု၊ ရေလိန်၊ တပ်ငူ၊ ဒေါင်းရေကျော် ကျေးရွာအုပ်စုများအားအလှည့်ကျ ထိုးနှံပေးသွားမည် ဖြစ်သည်။

နေ့စဥ် နံနက် ၉ နာရီခွဲမှ နံနက် ၁၁ နာရီခွဲအထိနှင့် မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိသည့် ရပ်ကွက်  အမှတ်(၈၊၉) ရပ်ကွက်အား စက်တင်ဘာလ ၁၇ ရက်နေ့၊ အမှတ်(၁၀၊၁၁၊၁၂၊၁၃) ရပ်ကွက်များအား စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဆက်လက်ဆေးထိုးနှံပေးပြီး ဒုတိယအကြိမ် ဆေးထိုးနှံရန် ကျန်ရှိသူများအားလည်း အလှည့်ကျ ဆက်လက်၍ ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သီတာအောင်(ပြန်ဆက်)