သံဖြူဇရပ် စက်တင်ဘာ ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စက်တင်ဘာ ၁၆ ရက် နံနက် ( ၉ )နာရီမှစ၍ ညနေ ( ၃ ) နာရီထိဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် လူမှုအဖွဲ့အစည်းများနှင့်ပူးပါင်း၍ ကျုံကဒတ်ကျေးရွာတွင် အခမဲ့ဆေးကုသခြင်းလုပ်ငန်း၊ သံဖြူဇရပ်မြို့မြို့မ အ.ထ.က ( ၁ ) နှင့် ကျိုက္ခမီမြို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရပ်များတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)