ဘူးသီးတောင်     စက်တင်ဘာ ၁၇

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ အပါအဝင်  ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို သြဂုတ်လ ( ၂၉)ရက်နေ့မှစတင်ကာ သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

 

ဘူးသီးတောင်မြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinophram) ထိုးနှံခြင်းကို အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ အပါအဝင်  ဦးစားပေးအုပ်စုအလိုက် လူဦးရေ ( ၇၂၀၄)ဦးကို အောင်မြင်စွာ ထိုးနှံပေးခဲ့ပြီး သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာ ၁၆  ရက်ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ကို လူဦးရေ(၆၆၉၃) ဦးထိုးနှံပေးခဲ့ပြီးဖြစ်ရာ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို သတ်မှတ်ရက်များအတိုင်း ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

     

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ဉီးကျန်အေးနှင့်အဖွဲ့ဝင်များက နေ့စဉ် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

     

လှကျော်( ပြန်/ဆက်)