လှည်းကူး စက်တင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ယနေ့နံနက် ၉ နာရီက အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်းတွင်  စားသောက်ကုန်များ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်း(ကျေးလက်ကြယ်တစ်ပွင့်) ဆရာတော် ဦးဆောင်မှုဖြင့် အသင်းတာဝန်ရှိသူများက ရှမ်းရွာကျေးရွာ၌ နေထိုင်ကြသည့် စားဝတ်နေရေး အခက်အခဲရှိသည့် အိမ်ထောင်စု ၄၆ စုစာအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် ၆ ပြည်(၁)အိတ်၊ ဆီ ၅၀ ဆယ်ကျပ်ဿား(၁)ဘူး၊ အချိူမှုန့်(၁)ထုပ်၊ ကြက်သွန်နီ(၁)ထုပ်၊ ကြက်သွန်ဖြူ(၁)ထုပ်နှင့် ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ လက်ဖက်ခြောက်၊ ဆား၊ ဆပ်ပြာမှုန့် စသည့် ပစ္စည်းအမယ်(၁၀)မျိုးတို့ကို လက်ဝယ်အရောက် ထောက်ပံ့လှူဒါန်းခဲ့ကြသည်။

အဆိုပါ ထောက်ပံ့လှူဒါန်းရာတွင် စေတနာရှင်ပြည်သူများက အသင်းသို့လာရောက်လှူဒါန်းပေးမှုများကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကိုတစ်ဆင့် ပြန်လည်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


ကျော်ကျော်(ပြန်/ဆက်)