မိုင်းတုံ  စက်တင်ဘာ ၁၇

           

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေး ရည်ရွယ်၍ အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှု အသိပညာပေးဆွေးနွေးခြင်းနှင့် ကျေးရွာဆင့် ခေါင်းဆောင်မှုသင်တန်း တို့ကို စက်တင်ဘာ ၁၆ ရက်က မဲကင်ကျေးရွာ၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

 

ထိုသို့ သင်တန်းပို့ချရာတွင် မိုင်းတုံမြို့နယ်အတွင်း မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း၊ ရေပေးဝေရေးနှင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော ကျေးရွာ ၁၃ ရွာမှ စီမံကိန်းကော်မတီဝင် ၂၆ ဦးအား စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေးအတွက် အစိမ်းရောင်ကျေးလက်ဒေသ ဖွွံ့ဖြိုးတိုးတက်ရေး၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အသိပညာပေး ဆွေးနွေးခြင်းနှင့် ကျေးရွာအဆင့် ခေါင်းဆောင်မှု  သင်တန်းကို မိုင်းတုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှူး ဦးစိုင်းအောင်မျိုးထက်နှင့် ဝန်ထမ်းများက တစ်ရက်တာ သင်တန်းပို့ချဆွေးနွေးခဲ့ကြောင်း သိရသည်။

 

စိုင်းမျိုး