စက်တင်ဘာ ၂၀

လစ်ဗျားနိုင်ငံအစိုးရက အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုသို့ စက်တင်ဘာလနှောင်းပိုင်းတွင် လေကြောင်းခရီးစဉ်များ ပြန်လည်စတင်မည် ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

နှစ်နိုင်ငံအရပ်ဘက်လေကြောင်းဌာနများက မီတီဂါ(ထရီပိုလီ)၊ မစ်ဆူရာတာနှင် ဘီနီနာ(ဘန်ဂါဇီ)လေဆိပ်များမှ မြို့တော်ကိုင်ရိုသို့ စက်တင်ဘာ ၃၀ တွင်တိုက်ရိုက်လေကြောင်းခရီးစဉ်များ စတင်ပျံသန်းရေး လိုအပ်သည့် စီမံချက်များပြုလုပ်ရန် သဘောတူညီခဲ့ကြသည်ဟု လစ်ဗျားအစိုးရ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဟာမူဒါက  ပြောကြားသည်။

လစ်ဗျားဝန်ကြီးချုပ် အဘဒူလ်အာမစ် ဒဘိုင်ဘက်ရှ်က လွန်ခဲ့သောရက်အနည်းငယ်က ကိုင်ရိုသို့ သွားရောက်လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံအကြား သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ပြီးနောက် လေကြောင်းခရီးစဉ်များပြန်လည်စတင်ရန်ဆုံးဖြတ်ချက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို