မိုးနဲ စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဌ ဦးဝင်းမြင့်က ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် စိတ်ပါဝင်စားစွာ ပါဝင်ကူညီဆောင်ရွက်ပေးသော မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်း ကို ယနေ့နံနက် ၉ နာရီက မြို့နယ်ကမ္ဘောဇခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ် ၊ကုသရေး လုပ်ငန်း ကော်မတီဥက္ကဌကိုယ်စား မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးတိုးလှက ကြက်ခြေနီတပ်ဖွဲ့ဝင် ၁၁ ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၃၃၀၀၀၀ ကို ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌမှ ဆဲဖယ်ကျေးရွာရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်အသစ် ၁၀ ဦး အတွက် ထောက်ပံ့ပေးသော ဝတ်စုံ ၁၀ စုံ ကို ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနိုင်မင်းထွန်းနှင့်တပ်ဖွဲ့ဝင်များက ကျေးရွာအရောက် သွားရောက်၍ ဝတ်စုံ ၊ နှာခေါင်းစည်း နှင့် ကြက်ခြေနီအမှတ်တံဆိပ်ပါ ဆေးပုံးတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)


