စက်တင်ဘာ ၂၀
အစ္စရေးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၄၄၅ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင့် ရောဂါကူးစက်ခံရသူပေါင်း ၁၂၂၁၇၁၃ ဦး အထိရှိလာကြောင်း အစ္စရေးနိုင်ငံ၏ဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် လေးဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၇၅၅၁ ဦးအထိ မြင့်တက်လာသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၁၁၃၀၃၉၃ ဦးရှိသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားဆဲလူနာ ၈၃၈၀၉ ဦးရှိသည်။
နိုင်ငံတစ်ဝန်းရှိလူဦးရေစုစုပေါင်း၏ ၆၄ ဒသမ ၅ ရာခိုင်နှုန်း၊ ၆ ဒသမ ၀၆ သန်းကျော်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်းနှင့် ၅ ဒသမ ၅၇ သန်းကျော်မှာ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို