သုံးခွ စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်၊ ပုလဲကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ််ဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်လှလှရွှေနှင့် ဒေါ်မင်းမင်းသန်းတို့က ကွင်းဆင်းဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် လူဦးရေအိမ်ထောင်စုစာရင်း ဆောင်ရွက်ပေးမည့် အစီအစဥ်အကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများ၊ မပျောက်မပျက်အောင် စနစ်တကျ ထိန်းသိမ်းရန်လိုအပ်ပုံ၊ နိုင်ငံသားကတ်ကိုင် ဆောင်သူများ လိုက်နာရမည့် အချက်တို့ကို ရှင်းလင်းပြောကြားပြီး သိလိုသည့် မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့သည်။
ထို့နောက် လိုအပ်သော သက်သေခံ အထောက်အထားများ၊ စာရွက်စာတမ်းများ၊ ပူးတွဲတင်ပြသည့် အထောက်အထားများအား စိစစ်၍ ရှေ့ပြေးလျှောက်လွှာပုံစံ စာရွက်တွင် ဖြည့်စွက်ပြီးလူဦး ရေ( ၁၀၆)ဦးအား၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး ကြောင်း သိရှိရသည်။
ဆက်လက်၍ ပန်ခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်း နှင့်ပက်သက်၍ သိသင့်သိထိုက်သည်များပ ါရှိသော "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" လက်ကမ်းစာရွက်များ ပေးဝေခဲ့ကြောင်း သိရှိရသည်။
ပန်းခင်းစီမံချက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရေး ပုလဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့် ရပ်မိရပ်ဖများက လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
ကိုကျော်(သုံးခွ)


