မိုးညှင်း စက်တင်ဘာ ၂၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ပါးစပ်နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးနှင့် ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးသက်နိုင်ဝင်းနှင့် ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သည့် မြို့မစည်ပင်သာယာဈေး၊ အောင်သပြေစည်ပင်သာယာဈေးနှင့် လမ်းဆုံလမ်းခွနေရာများတွင် ဈေးရောင်း/ ဈေးဝယ်လာကြသည့် ပြည်သူများနှင့် ဖြတ်သန်းသွားလာနေကြသည့် ပြည်သူများအား ပါးစပ်နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးလုပ်ငန်းများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ခရိုင် ပြန်/ဆက်)


