ပေါင်းတည် စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ယမန်နေ့ နံနက်ပိုင်းက ရွှေတည်ဈေးသစ်ရှေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT ဖြင့် စျေးသွားစျေးလာ ပြည်သူ(၉၇)ယောက်အား စစ်ဆေးရာ All Negative ဖြစ်ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးခြင်းလုပ်ငန်းအား ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)


