တာချီလိတ် စက်တင်ဘာ  ၂၀
                                                                                                                                                         
ရှမ်းပြည်နယ်(အရှေ့ပိုင်း)  တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအား  ခရိုင်ပြည်သူ့ဆေးရုံ၊ ဝမ်လုံးစင်တာ၊ အားကစားရုံခန်းမစင်တာနှင့် စံလင်းဖြိုးစင်တာ နေရာများ၌ ထားရှိပြီး ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိရာ စက်တင်ဘာ ၁၉ ရက်တွင် ကျန်းမာရေး ပြန်လည် ကောင်းမွန်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ(၁၄)ဦးရှိခဲ့ပြီး စုစုပေါင်းဆေးရုံဆင်းခွင့်ရရှိသူ (၂၄၉၈)ဦးထိရှိလာကြောင်း သိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူများသည် မိမိ၏နေအိမ်တွင် Home Quarantine (၇)ရက် သီးခြားနေထိုင်သွားရမည် ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ အတည်ပြုလူနာ (၂၆၆၀)ထိရှိပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရရှိသူ (၂၄၉၈)ဦးရှိကာ သေဆုံးသူ(၉၅)ဦးရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)