နေပြည်တော် ၊ စက်တင်ဘာ  ၂၀

 

           

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စက်တင်ဘာ ၁၅ ရက်မှစတင်၍ ၂၀ရက်အထိ ရေဆင်းတိုက်နယ် ဆေးရုံနှင့် ပြည်စံအောင်ကျေးလက်ကျန်းမာရေးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။    

       

 

ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၅၅)နှစ်နှင့်အထက် ဒေသခံ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆက်လက် ထိုးနှံပေးမှုကို ဥတ္တရခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သန်းလင်းနှင့် ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ အဖွဲ့ဝင်(၂) ဦး‌ကျော်ကျော်နိုင်တို့မှ လာရောက်ကြည့်ရှုခဲ့ရာ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ မြို့နယ်ကျန်မာရေးမှူး ဒေါက်တာဝေယံအောင်တာဝန်ရှိသူများက ကာကွယ်ဆေးရရှိမှုနှင့် ထိုးနှံပေးမှု အခြေအနေများအား လိုက်လံရှင်းလင်း ပြောကြားခဲ့သည်။

 

           

ဇေယျာသီရိမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံး(၂၀၀၀) ထပ်မံရရှိ၍ စက်တင်ဘာလ ၁၅ ရက်မှ စတင်ကာ ထပ်မံထိုးနှံလျက်ရှိရာ  ဇေယျာသီရိမြို့နယ် ပြည်စံ အောင်ကျေးလက်ကျန်းမာရေးဌာနနှင့် ရေဆင်းတိုက်နယ်ဆေးရုံတို့တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ လကုန်အထိ ထိုးနှံပေးနိုင်ရေး ရာထားဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူများအနေဖြင့် လာရောက်ထိုးနှံနိုင်ကြောင်း ဇေယျာသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် ထံမှသိရှိရသည်။

 

 

မြို့နယ်(ပြန်/ဆက်)